Terms and Conditions
1. | A stay extension/ re-entry visa application for a foreigner working in a company or engaging in the businesses associated with a company must be submitted by an existing company duly incorporated and registered at the Directorate of Investment Company Administration (DICA) and by a Director of that company. The company and the director must be registered and listed in the Myanmar Companies Online (MyCO) directory. |
2. |
An extension requisition letter with the company letterhead shall be signed by one of the directors of the company as listed on MyCO and the said letter must be attached to the application.
Template (Extension Requisition Letter must adhere to the Template format) |
3. | For companies related to the ministries, a recommendation letter from the relevant ministries stating “The ministry concerned has recommended for the eBusiness Visa Stay Extension” must be attached to the application. |
4. |
Applications for businesses classified as small and medium enterprises (SME), must be submitted with a business license and a letter of recommendation from State/Region officers. The recommendation letter is based on a field inspection conducted by the responsible officials to determine whether or not the inviting company is presently functioning on the ground and the applicant is employed by that company.
Template (Recommendation by the State/Region officers must adhere to the Template format) |
5. | The latest Entry Visa must be a Business Visa. |
6. | Those who have originally obtained a Business Visa but have since changed to a different visa type and obtained a stay extension/re-entry visa will not be able to apply. |
7. | Passport used for the stay extension application must have a remaining validity of at least (6) months. Stay extension beyond the validity of the passport is not allowed. Single or Multiple Re-entry Visa can be applied along with the stay extension application if it is intended to leave and re-enter the country during the stay validity period. |
8. | The Address in Myanmar to be filled in the application shall be the actual address (address of latest residence) of the foreigner for whom the application is made. This must have been duly reported to the relevant Township Immigration Office by Form C (Report of Arrival). |
9. | Those who apply for a re-entry visa only must have a valid stay permit obtained from eBusiness Visa Stay Extension and, the validity period for re-entry visa will expire along with the stay permit expiration date. |
10. | Processing time will take up to (5) working days from the acknowledgement of receipt, excluding weekends and Myanmar Gazetted Holidays. However, incomplete or inaccurate information and documents will result in delay in processing. |
11. | Processing fees shall be paid online using Visa, Master, JCB within (10) days from the date of payment notification email (Pre-Approval Letter) which will be sent upon approval of stay extension and re-entry visa. |
12. | Processing fees collected online are for Stay Extension/ Re-entry Visa only and exclude Overstay fines and fees for Foreigner Registration Certificate. |
13. | Passports must be affixed with the Stay/ Re-entry Visa stickers at Stay Section located at No. 122, Pansodan Street, Kyautada Township, Yangon within (14) working days from the date of Payment Successful email, excluding weekends and Myanmar Gazetted Holidays. |
14. | Failure to make payment online within the specified (10) days (or) a failure to affix stickers to the passports within the specified (14) working days will result in the forfeiture of the Pre-Approval Letter. |
15. | The foreigner for whom the application is made must be present in the country for the entire duration from the initial application up to the affixture of the relevant stickers. |
16. |
If the application is made after an authorized stay period is over, overstay fines shall be paid in cash in accordance with the rate below at the cash counter, Stay Extension Section located at No. 122, Pansodan Street, Kyautada Township, Yangon, prior to the affixture of approved Stay/ Re-entry visa sticker.
|
17. |
If the foreigner for whom the stay extension/ re-entry application is made is in possession of a valid Foreigner Registration Certificate, it must be attached with the application.
|
18. | The passport holders for whom the application is made are prohibited from traveling to restricted areas without seeking prior permission. |
19. | The applicant will take full responsibility in submitting full and accurate information. |
20. | The foreigner for whom the stay extension/ re-entry application is made shall abide by the existing laws of the Republic of the Union of Myanmar. Legal actions will be taken for any violation of any provision of the existing laws and rules of Myanmar. |
21. | The applicant hereby declares that he/she fully understands the abovementioned terms and conditions, and that the particulars and documents submitted are true and correct. An incorrect application will result in a rejection and can be forfeited at any time with a possibility of prosecution. |
22. | The company taking responsibility for this application hereby declares that the particulars and documents submitted are true and correct and understands that the company and the director will be imposed restrictions in accordance with the procedures of the Department if any particulars or documents submitted are found to be incorrect. |
23. | The Department of Immigration reserves the right to decide on the application whether it is approved or rejected, and the decision of the Department of Immigration shall be final. |
လိုက်နာရမည့်စည်းကမ်းသတ်မှတ်ချက်များ
၁. | နေခွင့်သက်တမ်းတိုး/ ပြည်ပြန်ဝင်ခွင့်ဗီဇာလျှောက်ထားခြင်းကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန (DICA) ၌ တရားဝင် ဖွဲ့စည်း မှတ်ပုံတင်ထားပြီး Myanmar Company Online (MyCO) Registered တွင် ပါရှိသည့် တည်ဆဲ ကုမ္ပဏီနှင့် ၎င်းကုမ္ပဏီ၏ ဒါရိုက်တာစာရင်းတွင် ပါရှိသော ဒါရိုက်တာ တစ်ဦးဦးက မိမိကုမ္ပဏီတွင်လုပ်ကိုင်မည့်နိုင်ငံခြားသား (သို့မဟုတ်) မိမိကုမ္ပဏီနှင့် ဆက်စပ်၍ လုပ်ငန်းများ ဆောင်ရွက်နေသည့် နိုင်ငံခြားသားအတွက် တာဝန်ယူ/တာဝန်ခံ၍ လျှောက်ထားပေးရမည်။ |
၂. |
Myanmar Company Online (MyCO) ၌ ဖော်ပြထားသည့် ၎င်းကုမ္ပဏီ၏ ဒါရိုက်တာစာရင်းတွင် ပါရှိသော ဒါရိုက်တာ တစ်ဦးဦးက ကုမ္ပဏီ Letter Head ပါရှိသော နေခွင့်သက်တမ်းတိုးလျှောက်လွှာတွင် လက်မှတ်ရေးထိုးပြီး အဆိုပါစာကို ပူးတွဲတင်ပြရမည်။
နေခွင့်သက်တမ်းတိုးလျှောက်လွှာပုံစံ (ဤပုံစံကို ဖြည့်သွင်း၍ လျှောက်ထားမှုတွင် ပူးတွဲရန်) |
၃. | လျှောက်ထားသူ၏ ကုမ္ပဏီသည် ဝန်ကြီးဌာနများနှင့် ဆက်စပ်လုပ်ငန်း ဆောင်ရွက်နေသည့် ကုမ္ပဏီ ဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနမှ eBusiness Visa Stay Extension လျှောက်ထားမှု အတွက် “ထောက်ခံပါသည်” ဟု စာသားပါ ထောက်ခံချက်အား ပူးတွဲ attach ဖြင့် တင်ပြရမည် ဖြစ်ပါသည်။ |
၄. |
လျှောက်ထားသူ နိုင်ငံခြားသားသည် အသေးစား၊ အငယ်စား နှင့် အလတ်စားစီးပွားရေးလုပ်ငန်း (SME) လုပ်ကိုင်သူ ဖြစ်ပါက ဖိတ်ခေါ်သည့် ကုမ္ပဏီသည် မြေပြင်တွင် လက်ရှိလုပ်ငန်း လုပ်ကိုင်ခြင်း ရှိ/မရှိ၊ လျှောက်ထားသူသည် ထို ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်ခြင်း မှန်/မမှန် တို့အား သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးတို့၏ မြေပြင်ကွင်းဆင်းစစ်ဆေး ထောက်ခံချက်နှင့် သက်တမ်းရှိသော လုပ်ငန်း လိုင်စင်တို့အား ပူးတွဲ attach ဖြင့် တင်ပြရမည် ဖြစ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးတို့၏ မြေပြင်ကွင်းဆင်းစစ်ဆေး ထောက်ခံချက်ပုံစံ (ဤပုံစံကို ဖြည့်သွင်း၍ လျှောက်ထားမှုတွင် ပူးတွဲရန်) |
၅. | မြန်မာနိုင်ငံသို့ နောက်ဆုံးဝင်ရောက်ခဲ့သည့် ဗီဇာသည် လုပ်ငန်းဗီဇာ ဖြစ်ရမည်။ |
၆. | လုပ်ငန်းဗီဇာ ရယူထားသော်လည်း လုပ်ငန်းဗီဇာ အမျိုးအစားဖြင့်မဟုတ်ဘဲ အခြားဗီဇာအမျိုးအစား တစ်ခုခုသို့ ပြောင်းလဲ၍ နေထိုင်ခွင့်သက်တမ်းတိုးနှင့် ပြည်ပြန်ဝင်ခွင့်ရယူထားပါက ဤစနစ်တွင် လျှောက်ထား နိုင်မည် မဟုတ်ပါ။ |
၇. | နေခွင့်သက်တမ်းတိုး လျှောက်ထားမည့်သူ၏ နိုင်ငံကူးလက်မှတ်သက်တမ်းသည် အနည်းဆုံး (၆) လ ကျန်ရှိရပါမည်။ နိုင်ငံကူးလက်မှတ်သက်တမ်း ထက်ကျော်လွန်၍ နေခွင့်သက်တမ်းတိုးမြှင့် ခွင့်မပြု။ နေခွင့်သက်တမ်း ကာလအတွင်း ပြည်ပသို့ ထွက်ခွာပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် ရှိပါက တစ်ကြိမ် (သို့မဟုတ်) အကြိမ်ကြိမ် ပြည်ပြန်ဝင်ခွင့်ဗီဇာကို တစ်ပါတည်း လျှောက်ထားနိုင်ပါသည်။ |
၈. | ဤလျှောက်ထားမှုတွင် နေခွင့်သက်တမ်းတိုး/ ပြည်ပြန်ဝင်ခွင့်ဗီဇာရယူမည့် နိုင်ငံခြားသား၏ မြန်မာနိုင်ငံတွင်အမှန်တကယ်နေထိုင်လျက်ရှိသည့် (နောက်ဆုံးရောက်ရှိနေထိုင်သည့်) နေရပ်လိပ်စာကို ဖြည့်သွင်းရမည်ဖြစ်သည့်အပြင် ယင်းလိပ်စာတွင် နိုင်ငံခြားသားရောက်ရှိ နေထိုင်ကြောင်းကို ပုံစံ-ဂ (နိုင်ငံခြားသားရောက်ရှိကြောင်း အစီရင် ခံစာ) (Form-C) ဖြင့် သက်ဆိုင်ရာမြို့နယ် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူးရုံးတွင် တိုင်ကြားထားပြီး ဖြစ်ရမည်၊၊ |
၉. | ပြည်ပြန်ဝင်ခွင့်ဗီဇာကို သီးသန့်လျှောက်ထားခြင်းဖြစ်ပါက eBusiness Visa Stay Extension မှ ရယူထားသော ခွင့်ပြုနေခွင့်သက်တမ်းရှိရမည်ဖြစ်ပြီး ပြည်ပြန်ဝင်ခွင့်ဗီဇာသက်တမ်းသည် ယင်းခွင့်ပြု နေခွင့်သက်တမ်း အထိသာရရှိမည် ဖြစ်ပါသည်။ |
၁၀. | လျှောက်ထားမှုအတွက် စိစစ်သည့်လုပ်ငန်းစဉ် ကြာမြင့်ချိန်မှာ လျှောက်လွှာကို လက်ခံရရှိကြောင်း အကြောင်းကြားသည့်နေ့မှ ရုံးဖွင့်ရက် (၅) ရက် (စနေ၊ တနင်္ဂနွေနှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များမပါ) အထိ ဖြစ်ပါသည်။ သို့ရာတွင် လျှောက်ထားရာ၌ တင်ပြရမည့် အထောက်အထားအချက်များ ပြည့်စုံမှန်ကန်မှု မရှိပါက သတ်မှတ် ကာလထက် ပိုမိုကြာမြင့်နိုင်မည်။ |
၁၁. | နေခွင့်သက်တမ်းတိုးခြင်းနှင့် ပြည်ပြန်ဝင်ခွင့်ဗီဇာတို့ကို Online မှ လျှောက်ထားမှုအား ခွင့်ပြုသဖြင့် ငွေပေးချေရန် ဌာနမှ အကြောင်းကြားစာ email (Pre Approval Letter) ပေးပို့သည့်နေ့မှစ၍ သတ်မှတ်ကာလ (၁၀) ရက် အတွင်း Online မှတစ်ဆင့် VISA, Master, JCB ကဒ်များဖြင့် သတ်မှတ်ကျသင့်ငွေကို ပေးချေရမည်။ |
၁၂. | Online မှ ကောက်ခံထားသောနှုန်းထားများသည် နေခွင့်သက်တမ်းတိုးခြင်း/ပြည်ပြန်ဝင်ခွင့်ဗီဇာ လျှောက်ထားခြင်းများအတွက်သာဖြစ်ပြီး နေခွင့် သက်တမ်းကျော်လွန်ခြင်းအတွက် ပေးဆောင်ရမည့် ရက်လွန်ဒဏ်ကြေးများ၊ နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် (FRC - Foreigners Registration Certificate) ဆိုင်ရာ ပေးဆောင်ရမည့် သတ်မှတ်အခကြေး ငွေများပါဝင်ခြင်းမရှိပါ။ |
၁၃. | ငွေပေးချေမှု ပြီးမြောက်ကြောင်း အကြောင်းကြားသည့် email (Payment Successful Email) ပေးပို့ချိန်မှစ၍ သတ်မှတ်ကာလ ရုံးဖွင့်ရက် (၁၄) ရက် အတွင်း (စနေ၊ တနင်္ဂနွေနှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ မပါဝင်ပါ) အမှတ် (၁၂၂)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ နေခွင့်ဌာနစိတ်သို့ သွားရောက် ၍ နိုင်ငံကူးလက်မှတ်တွင် Stay/Re-entry Visa Sticker ကပ်ခြင်းအား ဆောင်ရွက်ရမည်။ |
၁၄. | သက်တမ်းတိုးခွင့်ပြုကြောင်း e-mail (Pre Approval Letter) ရရှိထားစေကာမူ သတ်မှတ်ကာလ (၁၀) ရက်အတွင်း Online မှ ကျသင့်ငွေ မပေးချေပါက (သို့မဟုတ်) သတ်မှတ်ကာလ ရုံးဖွင့်ရက် (၁၄) ရက်အတွင်း (စနေ၊ တနင်္ဂနွေနှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ မပါဝင်ပါ) သတ်မှတ် နေရာသို့ သွားရောက်၍ Sticker များမကပ်ပါက ၎င်း ရရှိထားသည့် Pre Approval Letter ခွင့်ပြုချက် ပျက်ပြယ်မည်။ |
၁၅. | နေခွင့်သက်တမ်းတိုးလျှောက်ထားစဉ်ကာလအတွင်း (စတင်လျှောက်ထားသည့်နေ့မှ ခွင့်ပြုချက်ကျပြီး Visa Sticker များကပ်ပြီးသည့်နေ့အထိ) အဆိုပါ နိုင်ငံခြားသားသည်မြန်မာနိုင်ငံအတွင်းတွင်ရှိနေရပါမည်။ |
၁၆. |
နေခွင့်သက်တမ်းကျော်လွန်နေထိုင်ပြီးမှလျှောက်ထားခြင်းဖြစ်ပါက ကျော်လွန်သည့်ရက်များ အတွက် over stay ဒဏ်ကြေးငွေ များကို အမှတ် (၁၂၂)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတား မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ နေခွင့်သက်တမ်းတိုး ဌာနစိတ် နှင့် ငွေစာရင်းကောင်တာသို့ အောက်ပါ သတ်မှတ် နှုန်းထား အတိုင်း ငွေသား (cash) ဖြင့် ခွင့်ပြု Stay/ Re-entry Visa Sticker မကပ်မီ ပေးဆောင်ရမည်-
|
၁၇. |
နေခွင့်သက်တမ်းတိုး / ပြည်ပြန်ဝင်ခွင့်ဗီဇာ လျှောက်ထားသူသည် သက်တမ်းရှိသော နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် (FRC -Foreigners Registration Certificate) ကိုင်ဆောင်ထားပါက နိုင်ငံခြားသား မှတ်ပုံတင်လက်မှတ် (FRC -Foreigners Registration Certificate) လက်မှတ်ကို တစ်ပါတည်း ပူးတွဲ၍ တင်ပြရမည်။
|
၁၈. | ဤလျှောက်ထားမှုအရ သက်တမ်းတိုးယူမည့် နိုင်ငံခြားသားသည် ကြိုတင် ခွင့်ပြုချက် တောင်းခံခြင်း မရှိဘဲ ကန့်သတ်ဒေသများသို့ သွားလာခြင်း မပြုရပါ။ |
၁၉. | လျှောက်ထားသူသည် လျှောက်လွှာတွင် တင်ပြထားသည့် အချက်အလက်များမှန်ကန်ကြောင်းကို အပြည့်အဝတာဝန်ယူ ရမည်။ |
၂၀. | နေခွင့်သက်တမ်းတိုး/ ပြည်ပြန်ဝင်ခွင့်ဗီဇာ လျှောက်ထားရယူမည့် နိုင်ငံခြားသားသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများကို လိုက်နာရမည်။ မြန်မာနိုင်ငံ၏ တည်ဆဲ ဥပဒေနှင့် စည်းကမ်းများကို ဖောက်ဖျက်ပါက တည်ဆဲဥပဒေ များနှင့်အညီ အရေးယူခြင်းခံရမည်။ |
၂၁. | လျှောက်ထားသူသည် အထက်ပါ သတ်မှတ်စည်းကမ်းချက်များကို ကောင်းမွန်ပြည့်စုံစွာ နားလည်ပါကြောင်း၊ တင်ပြထားသည့်အချက်များ နှင့် အထောက်အထားများ မှန်ကန်ပါကြောင်းနှင့် မမှန်ကန်ပါက လျှောက်လွှာ ငြင်းပယ်ခံရမည် ဖြစ်သည့်အပြင် လျှောက်ထားမှု ပျက်ပြယ်မည်ဖြစ်ပြီး တည်ဆဲဥပဒေများ နှင့်အညီ အရေးယူခံရဖွယ်ရှိကြောင်းတို့ကို သိရှိနားလည် သဘောပေါက်ပါသည်။ |
၂၂. | နေခွင့်သက်တမ်းတိုး/ ပြည်ပြန်ဝင်ခွင့်ဗီဇာတို့ကို တာဝန်ယူ/ တာဝန်ခံ လျှောက်ထားပေးမည့် သက်ဆိုင်ရာ ကုမ္ပဏီအနေဖြင့် လျှောက်ထားမှုအတွက် တင်ပြထားသည့် အချက်များနှင့် အထောက်အထားများ မှန်ကန်ပါကြောင်းနှင့် တင်ပြသည့် အချက်များ သို့မဟုတ် အထောက်အထားများ မမှန်ကန်ကြောင်း စိစစ်တွေ့ရှိရပါက မိမိကုမ္ပဏီနှင့် တာဝန်ခံလျှောက်ထားပေးသည့် လူပုဂ္ဂိုလ်အပေါ် ထိုသို့တာဝန်ခံ လျှောက်ထားမှုများနှင့်စပ်လျဉ်း၍ ဌာနမှ လုပ်ထုံး လုပ်နည်းနှင့်အညီ ကန့်သတ်မှုများ ပြုလုပ်သွားမည်ကို သိရှိနားလည် သဘောပေါက်ပါသည်။ |
၂၃. | လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသည် လျှောက်ထားမှုအပေါ် ခွင့်ပြုခြင်း (သို့မဟုတ်) ငြင်းပယ်ခြင်းတို့ကို ဆုံးဖြတ်ခွင့်ရှိပြီး ဤလျှောက်ထားမှုအပေါ် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၏ ဆုံးဖြတ်ချက်သည်သာ အတည် ဖြစ်သည်။ |